March 13, 2020 at 15:51

7 Views

အိမ်ခြံမြေဝယ်ယူတော့မယ်ရင် ဘာတွေသိထားသင့်လဲ?

အခုတလော အိမ်ခြံမြေစျေးကွက် အပြောင်းအလဲကြောင့် အရောင်းအဝယ်တွေ စျေးကွက်ကစားလာတာတွေ ကို တွေ့ရပါတယ်။ ဒီစျေးကွက်မှာ လုပ်ကိုင်နေတဲ့ အတွေ့အကြုံများနေတဲ့သူတွေ အဖို့က ပြဿနာသိပ်မရှိပေမယ့် အတွေ့အကြုံနည်းသေးသူတွေ အဖို့တော့ ဆောင်ရန်ရှောင်ရန်လိုအပ်တာတွေကို သိထားဖို့ လိုပါတယ်။ 

ဂရန်မြေနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများစွာထဲမှ သိသင့်တယ်လိုယူဆရတဲ့အချက်တွေကိုဖော်ပြ ပေးပါမယ်။

ဂရန်၏ အဓိပ္ပာယ်မှာ မြို့မြေအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးသော မြို့များတွင် လူနေထိုင်ရန်နှင့် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အငှားသက်တမ်းအနှစ် ( ၃၀ )ခွင့်ပြုပြီး အနှစ် ( ၃၀ ) ဂရန်ကုန်ဆုံးတိုင်း နောက်ထပ်အနှစ် ( ၃၀ ) စီနှင့် စုစုပေါင်း အနှစ် ( ၉၀ ) အထိ လဲလှယ်ခွင့်ရှိသည့် မြေငှားစာချုပ်ကို ဂရန်ဟုခေါ်သည်။ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက် “မှန် မမှန်၊ စစ် မစစ်” ကို သက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းက နည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာ ရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။ဂရန်ထုတ်ပေးသူအရာရှိ၏ သဘောတူညီချက် မရရှိဘဲ မြေငှားဂရန်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး မြေကိုရောင်းချခြင်း၊ ပေါင်နှံခြင်း ၊ တစ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းတစ်ခုခုကို ပြုလုပ်ခဲ့လျှင် ဂရန်ထုတ် ပေးသူ အရာရှိက ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်နိုင်သည့်အပြင် မြေငှားဂရန်ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်သည်။ သို့ရာတွင် ထိုကဲ့သို့ ရောင်းချခြင်း၊ ပေါင်နှံခြင်း ၊ တစ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းစသည်တို့သည် ပဋိညာဉ် အက်ဥပဒေပုဒ်မ-၂၃ အရ ဥပဒေနှင့် ဆန့်ကျင်သော ပဋိညာဉ်မဟုတ်ပေ။ သို့ဖြစ်၍ အယူခံတရားလိုက အချင်း ဖြစ်မြေကို ရောင်းချခြင်းသည် သက်သေခံအမှတ် ( ခ ) မြေငှားဂရန်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ရာရောက် သော်လည်း ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂၃ အရ ပျက်ပြယ်ခြင်းမရှိဟု ရေးသားထားပါတယ်။

အိမ်ခြံမြေတွေကို ဝယ်ယူဖို့ အစီအစဥ်ရှိခဲ့ရင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပါ၊ အဖြစ်နိုင်ရင် ခေါ်သွားသင့်ရင် ခေါ်သွားပါ။ မိတ်ဆွေတို့ရဲ့ အိမ်ခြံမြေကိစ္စတွေမှာ အောင်အောင်မြင်မြင်နဲ့ အရောင်းအဝယ်အဆင်ပြေကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

Ref-DVB Law Lab

Posted By : Admin

သိထားသင့်တဲ့ မြေအမျိုးအစားများ

Posted By : Admin

အိမ်ခြံမြေအကြောင်း လုပ်ကိုင်နေသူများ သိကိုသိထားသင့်တဲ့ မြေအမျိုးအစားတွေကို ပြောပြပေးပါမယ်။ 
အိမ်ခြံ...

ဖတ်ရှုရန်

အိမ်ခြံမြေအရောင်းအဝယ်ကို Online ပေါ်မှာအေးဆေးလုပ်ဆောင်ကြမယ်

Posted By : Admin

ခုခေတ်မှာ...အိမ်ခြံမြေအရောင်းအဝယ်လုပ်ဖို့အတွက် အရင်တုန်းကလို တည်နေရာကိုသွားညှိနှိုင်းတာတွေ၊ သွားပြီးမှ ...

ဖတ်ရှုရန်